Wednesday, June 06, 2007

အချစ်စစ်

ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရည်းစားဖြစ်သည်ဆိုတာ....
(၁) ထိုယောက်ျားလေး၏ လွတ်လပ်မှူအားလုံးကို ပိုင်ဆိုင်ခွင့်ရခြင်း မဟုတ်ပါ။
(၂) ထိုယောက်ျားလေး ကိုပိုင်ဆိုင်လိုက်ခြင်းလဲ မဟုတ်ပါ။ ခိုင်းဖို့လူရခြင်းလဲမဟုတ်ပါ။
(၃) လူတစ်ယောက်၏ လုပ်ပိုင်ခွင့်များကို တားဆီးခွင့် ပါမစ်ပေးအပ်ခံရခြင်းလဲမဟုတ်ပါ။
(၄) ထိုယောက်ျားလေး၏ အချိန်များအားလုံးငါနဲ့သာဆိုင်တယ် ဟုသက်မှတ်လို့မရပါ။
(၅) ငါတစ်ယောက်ထဲသာ ဆက်ဆံရမည်။ တစ်ခြားမိန်းကလေးများနှင့်မဆက်ဆံရ ဟုတားဆီးခွင့်မရှိပါ။ ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှိပါတယ်။
(၆) ဂိမ်းကို ပိုချစ်တတ်တာကိုနားလည်ပေးသင့်ပါတယ်။ ဂိမ်းသည် သက်ရှိမဟုတ်ပါ။ ပြိုင်သ၀န်တိုရန်ကြောင်းမရှိ။
(၇) စိတ်ကောက်ခြင်းသည် တစ်ခါတစ်ခါသာကောင်းသော်လဲ ကြာပါက စိတ်ညစ်စရာကောင်းပါသည်။ ကိုယ်ချစ်တဲ့သူကိုဒုက္ခပေးရာရောက်ပါတယ်။
(၈) ယောက်ျားလေး သဘာဝတစ်ခြားမိန်းကလေးများနှင့် online ကြူကြူနဲနဲလုပ်တတ်ပါသည်။ သဘာဝဖြစ်လို့ အရမ်းမလွန်ပါကခွင့်လွှတ်ပေးသင့်ပါတယ်။

အကျဉ်းချူပ် လိုရင်းကို ပြောရသော် မချုပ်ချယ်ပဲ ကိုယ့်ချစ်သူပျော်အောင်ထား မှသာလျှင်ချစ်သူကောင်း၊ အချစ်စစ်တစ်ခုဖြစ်ပါသည်။

(မှတ်ချက်။ ။စိတ်ထဲပေါ်လာတာကိုကောက်ရေးလိုက်တာပါ။ သူငယ်ချင်းယောက်ျားလေးတွေ ချုပ်ချယ်ခံနေရတာတွေ ကြည့်ပြီးတွေးမိလို့)

5 comments:

mgthantzin said...

ဖတ်ရတာ... စိတ်ချမ်းသာတယ်... ကလေးမရေ...။ မိန်းကလေးတွေ နားလည်မှုကြီးဖို့လိုတာတော့ တကယ်ပဲ။
ညီးကို တစ်ခုမေးဦးမယ်။ ညီးဆိုရင်ရော.. အဲ့လောက် လိုက်လျောနားလည်ပေးနိုင်ပါ့မလား...

ညီမလေး.. ငါတစ်ခုပြောမယ်... ညီးပြောသလောက်oာ လိုက်လျောရမယ်ဆိုရင် တချို့ယောက်ျားလေးတွေ မိန်းကလေးအပေါ် အချစ်လျော့သွားလိ့မ်မယ်... (လို့ထင်တယ်...)
ဒါပေမယ့်ဟာ.. ညီးရေးတာလေးကိုတော့ သဘောကျတာ အမှန်ပဲ။ (နောက်ဆုံးတစ်ချက်ကလွဲလို့ပေါ့... Online မှာ ဘာညာဘာညာ ဆိုတာ)

ဘာပဲဖြစ်ဖြစ်ပေါ့လေ... ညီးရေးတာလေးတွေ ကောင်းလာတယ်.. =) မှန်မှန်ရေး.. မှန်မှန်ဖတ်မယ်...

ညီးအစ်ကို
mgthantzin

Anonymous said...

ဟဲ့ကောင်မလေး...

နောက်ကိုနင်နဲ့ ငါ့ကောင်မလေးနဲ့ ပေးတွေ့ပေးမယ် ပြောပြလိုက်ကြားလား.

:P

23_12_88 said...

ကိုသန့်ဇင်ဦး..... သမီးဆိုနားလည်ပေးနိုင်မလား ဆိုတော့..... အင်း၊ နားလည်ပေးနိုင်ပါတယ်။ တစ်ခါမှတော့ မဆန်းကြည့်ရသေးဘူး။ ဒါပေမယ့် လုပ်နိုင်မယ်လို့ယုံတယ်။ အချစ်လျော့ သွားနိုင်တယ်။ အင်း၊ အဲ့ဒါကတော့ တစ်ယောက်ချင်းဆီနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ သမီးဒီဟာကိုရေးတုန်းက စဉ်းစားမိတဲ့ပုံစံလေးကတော့ ဒီလိုချစ်သူမျိုးရှိတဲ့ ကောင်လေးကတော်တော် ကံကောင်းပြီး သူ့ချစ်သူလေးကို တန်ဖိုးထားတတ်မှာပဲ ဆိုပြီး။ ဟဲဟဲ၊ အားပေးတဲ့အတွက်ကျေးဇူး။

ကိုမြတ်မင်းဟန်..... ဟဟ၊ပြောပေးဘူး။ ကိုကို လက်ဆောင်တွေပေးတာ ကျေးဇူးလို့ပဲပြောမှာ။

Anonymous said...

နင်က သူငယ်ချင်းတွေချုပ်ချယ်ခံရတာကြည့်ပြီးတွေးမိလို့ရေးတာ
ဆိုပေမယ့် သူတို့တွေက နင်ရေးထားတဲ့အချက်တွေကို
ချုပ်ချယ်တာလို့မသတ်မှတ်ဘူးဆိုရင်ကော.....
၁) သူတို့ကိုလွတ်လွတ်လပ်လပ်ထားမယ်၊သူတို့ကိစ္စတော်တော်များ
များကိုဘာမှဝင်မပြောဘူး..သူတို့ကိုသူတို့နဂိုပုံစံအတိုင်းနေခွင့်ပေးမယ်။
၂) သူတို့ကိုဘာမှမခိုင်းဘူး၊ ကိုယ့်ဟာကိုယ်ပဲလုပ်တယ်၊ သူတို့ကို အမြဲတမ်း
အားမကိုးဘူး။
၃) သူတို့ကို ဟိုကောင်မလေးနဲ့မတွဲနဲ့ ၊ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့
အဲလိုတွေမတားဘူး..သူတို့ကိုလုပ်ချင်တာလုပ် ၊ နေချင်သလိုနေ
တော်တော်များများ မစစ်ဆေးဘူး၊မမေးမြန်းဘူး။
၅) ကောင်မလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း
ဘာမှဝင်မပြောဘူး၊အဲဒီကောင်မလေးတွေအကြောင်းလည်း
စစ်စစ်ပေါက်ပေါက်မမေးဘူး။
၆) သူတို့ဂိမ်းကြိုက်တာကိုသိလို့ ဂိမ်းဆော့တာနဲ့ပတ်သတ်ပြီး
ဘာတစ်ခုမှဝင်မပြောဘူး။သူတို့ကြိုက်လို့ဆော့တာပဲ။
၇) သူတို့အပေါ် ကိစ္စတိုင်းလိုလို စိတ်မကောက်ဘူး၊ အရမ်း
စိတ်ကောက်သင့်တဲ့အခါမှကောက်မယ်၊ ဘာကိစ္စပြောပြော စိတ်
မကောက်တတ်တဲ့ပုံစံနဲ့ နေမယ်။
၈) ကောင်မလေးတွေနဲ့ online qq တွေလုပ်နေတာသိနေလည်း
ဘာမှပြောဘူး၊ ကောင်လေးတွေ ကဒီလိုတွေပါပဲလေ ဆိုပြီး ဒီအတိုင်း
ထားလိုက်မယ်။
အဲဒီလို အဲဒီလိုတွေထားမယ်ဆိုရင်ကော...သူတို့တွေကို
ပျော်အောင်ထားတယ်၊သဘောထားကြီးတယ်၊ ကိစ္စတော်တော်
များများကို ခွင့်လွှတ်နိုင်တယ်၊သူတို့ကိုအချစ်စစ်နဲ့တကယ်ချစ်တာ လို့သူတို့ကထင်မှာလား။ ငါတော့မထင်....
အတွဲအများစုက နင်ပြောသလိုဖြစ်နေပေမယ့်လည်း ဘာလို့ သူတို့တွေ
မြန်မြန်မပျက်တာလဲ။ကောင်လေးတွေကကော...သူတို့ကိုချုပ်ချယ်နေတာသိနေပေမယ့်လည်း
ဘာလို့ဆက်တွဲနေရတာလဲ???
=D just comment....im not suppose to oppose ur ideas. =D

yong yong =)

23_12_88 said...

အင်း၊တွဲတာကတွဲနေတယ်။ ချစ်တာကိုး။ ဒါပေမယ့် ပျော်သင့်သလောက်ပျော်ဘူးပေါ့။ မြန်မြန်မပျက်တာလဲဆိုတာကတော့ တစ်ယောက်ချင်းဆီရဲ့ခံနိုင်ရည်ပေါ်မူတည်လိမ့်မယ်။ မပျက်တဲ့အတွဲလည်းရှိမှာပဲ။ ဒါပေမယ့်နင်အဲ့လို နေပေးရင်ပိုမကောင်းဘူးလား။ နင့်ချစ်ချစ်ကိုပို ပျော်အောင်မထားနိုင်ဘူးလား။ ငါအေးအေးချမ်းချမ်းလေးချစ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ အတွဲတစ်ခုကို မျက်လုံးထဲပုံဖော်ပြီးရေးမိတာ။