Thursday, May 21, 2009

ကျောင်းတော်ကြီး

ကျောင်းပြန်တက်ချင်တယ်။ ပေါ်လီလဲ မဟုတ်။ Uni လဲမဟုတ်ဘူး။ အထက်တန်းကျောင်း ပြန်တက်ချင်တာ။ တီတီစီ ကိုလွမ်းတယ်။
အထူးသဖြင့် အာစီတူးမှာ တက်ခဲံရတဲံနေ့တွေကို လွမ်းတယ်။ ငယ်ငယ်ထဲက အတန်းတွေမတက်ဘဲပြေး၊ ရည်းစားခိုးထား၊ ဟိုကောင်လေးချောတယ်၊ဒီကောင်လေးချောတယ် လိုက်ကြည့်၊ သူငယ်ချင်းတွေနဲ့အတူ တစ်နေ့အိမ်သာ အခါနှစ်ဆယ်လောက်သွား၊ ရသမျှမုန့်ဖိုးနဲ့ ပေါက်တောက်ကရလျှောက်စား၊ ယင်နားစာတွေကောပေါ့။ အဲ့ဘ၀ကို လွမ်းတယ်။
ဘာအပူအပင်မှ မရှိဘူး။ ကျောင်းတတ်တယ်၊ ကဲတယ်၊ အိမ်ပြန်တယ်၊ စာနဲနဲကျက်တယ်၊ အိပ်တယ်။ ဒါနဲ့ပဲ ပျော်စရာကြီး။ငယ်ငယ်က သူငယ်ချင်းတွေကို အရမ်းသတိရတာပဲ။ အရမ်းပြန်တွေ့ချင်တယ်။ ငယ်ငယ်က အကြောင်းတွေပြောပြီးဟေးလားဝါးလား လုပ်ချင်တယ်။ ငယ်ငယ်ကလို ဘာမဟုတ်တဲ့ကိတ်စလေးတွေနဲ့ ရန်ဖြစ်ချင်တယ်။ သူငယ်ချင်းတွေ ပေါင်းပြီးငယ်ငယ်ကလို မဟုတ်တာလုပ်ချင်တယ်။ ကလေးတုန်းက မဟုတ်တာတူတူလုပ်ခဲ့တာ အားလုံးသူတို့နဲ့တူတူ ပြန်လုပ်ချင်တယ်။သတိရ၏။ ကျောင်းတော်ကြီးကို။

လိ(ပ်)ရ၏





ကျက်သရေ ရှိလိုက်လေခြင်း။ ဟီးဟီး ။

Tuesday, May 19, 2009

ကျွန်မ မိန်းမပီပီ လုပ်ချင်သည့် / လုပ်သင့်သည့် အရာများ

(၁) မိန်းကလေး ပီပီသသ စကားကို နူးနူးညံညံ ချိုချိုသာသာပြောတတ်ချင်ပါတယ်။
အခုတော့ အာဗြဲစိန်ဖြစ်နေတယ်လေ။ (ဂျာဂျီးရဲ့ စကားကိုတိုးတိုးပြောစမ်းပါဟာ ဆိုတဲ့အပြောတွေ လုံးဝမခံနိုင်ပါ။ )

(၂) အ၀တ်အစားကို သပ်သပ်ရပ်ရပ်နဲ့ ဂရုတစိုက် ၀တ်တတ်ချင်ပါတယ်။

အခုတော့ ဘီဒိုထဲမှာတော့ ပွနေလောက်အောင် ရှိပါရဲ့၊
ဝတ်လိုက်ရင်ဒီ (၃)၊ (၄) ထည်က မ၀တ်တတ်ဘူး။ ဒါဝတ်မ ဖြစ်နေတယ်။

(၃) ကြမ်းကြမ်းတမ်းတမ်း မိန်းမကြမ်းစိတ်ကို ဖြောက်ဖို့လိုနေပါတယ်။

တစ်ခုခုဆို စိတ်မရှည်ပဲ ကိုယ့်ဟာကိုယ် ကောက်ကောက်လုပ်တဲ့ အကျင့်ကောပေါ့။
အဲ့အကျင့်ကြောင့် မိန်းမကြမ်းဖြစ်ရှုံတင်မကဘူး လက်ကော ခြေပါ ကြမ်းကုန်ပြီ။
(နဂိုထဲက မလှတာလဲပါတာပေါ့လေ)

(၄) ထမင်းစားရင် ဖြေးဖြေးစားတတ်အောင် လေ့ကျင့်ရမယ်။

အခုတော့စားရင် အသေမြန်တယ်။ ပြီးတော့ အများကြီးဝင်တယ်။ ဒီပုံစံအတိုင်းဆို ကြာရင် ဂေါ်ဇီလာဖြစ်တော့မယ်။ (အခုက ၀က်တစ်ပိုင်း၊ ဆင်တစ်ပိုင်း)

(၅) သူငယ်ချင်းတွေကို ကုန်းကိုက်တာ၊ှဆွဲစိတ်တာ တွေလျှော့မှ ဖြစ်မယ်။

သူတို့လေးတွေ လည်းနာလှပြီ။
(လျှော့မှလို့ ပြောတာနော်။ မလုပ်တော့ဘူး မပြောဘူး )

(၆) ဇံဖြိုးမောင် ဆိုတဲ့ အကောင်နဲ့ ပေါင်းပြီး ဆဲတတ်လာတယ်။

ပြင်မှဖြစ်မယ်။ အပေါင်းအသင်း ဖျက်ဆီး၏။

Monday, May 18, 2009

ချစ်သူ

ချစ်သူမရှိဘူး။ ဒါပေမယ့် ငါအထီးကျန်မနေဘူး။
ဂရုစိုက်မဲ့လူမရှိဘူး။ ခလေးမှမဟုတ်တာ။ ကိုယ့်ဘာသာဂရုစိုက်မှာပေါ့။
အပြင်သွားရင်အဖော်လုပ်မယ့် ချစ်သူမရှိဘူး။ ဘော်ဘော်တွေရှိတာပဲ။
ချစ်သူမရှိတော့ ပူပန်စရာ၊ စိုးရိမ်စရာ၊ ဂရုစိုက်စရာ ဘာမှမရှိတော့ဘူး။

အလုပ်နဲ့ငါ

ဘာလိုလိုနဲ့ အလုပ်လုပ်နေတာတောင် (၃)လပြည့်တော့မယ်။ နဲနဲတော့နေသားကြလာပါပြီ။ အရင်ကတန်ဖိုးမထားခဲ့တဲ့ စနေ၊ တနဂ်နွေတွေက ခုမှတန်ဖိုးတွေရှိနေလိုက်တာ။