ကျောင်းပြန်တက်ချင်တယ်။ ပေါ်လီလဲ မဟုတ်။ Uni လဲမဟုတ်ဘူး။ အထက်တန်းကျောင်း ပြန်တက်ချင်တာ။ တီတီစီ ကိုလွမ်းတယ်။
အထူးသဖြင့် အာစီတူးမှာ တက်ခဲံရတဲံနေ့တွေကို လွမ်းတယ်။ ငယ်ငယ်ထဲက အတန်းတွေမတက်ဘဲပြေး၊ ရည်းစားခိုးထား၊ ဟိုကောင်လေးချောတယ်၊ဒီကောင်လေးချောတယ် လိုက်ကြည့်၊ သူငယ်ချင်းတွေနဲ့အတူ တစ်နေ့အိမ်သာ အခါနှစ်ဆယ်လောက်သွား၊ ရသမျှမုန့်ဖိုးနဲ့ ပေါက်တောက်ကရလျှောက်စား၊ ယင်နားစာတွေကောပေါ့။ အဲ့ဘ၀ကို လွမ်းတယ်။
ဘာအပူအပင်မှ မရှိဘူး။ ကျောင်းတတ်တယ်၊ ကဲတယ်၊ အိမ်ပြန်တယ်၊ စာနဲနဲကျက်တယ်၊ အိပ်တယ်။ ဒါနဲ့ပဲ ပျော်စရာကြီး။ငယ်ငယ်က သူငယ်ချင်းတွေကို အရမ်းသတိရတာပဲ။ အရမ်းပြန်တွေ့ချင်တယ်။ ငယ်ငယ်က အကြောင်းတွေပြောပြီးဟေးလားဝါးလား လုပ်ချင်တယ်။ ငယ်ငယ်ကလို ဘာမဟုတ်တဲ့ကိတ်စလေးတွေနဲ့ ရန်ဖြစ်ချင်တယ်။ သူငယ်ချင်းတွေ ပေါင်းပြီးငယ်ငယ်ကလို မဟုတ်တာလုပ်ချင်တယ်။ ကလေးတုန်းက မဟုတ်တာတူတူလုပ်ခဲ့တာ အားလုံးသူတို့နဲ့တူတူ ပြန်လုပ်ချင်တယ်။သတိရ၏။ ကျောင်းတော်ကြီးကို။
Subscribe to:
Post Comments (Atom)
1 comment:
အချိန်ဆိုတာက စီးဆင်းသွားတဲ့ မြစ်ရေလိုပါပဲ... ပြန်လာတယ်လို့မရှိပါဘူး... ဘယ်အချိန်ပဲရောက်ရောက်... ဘာတွေပဲလုပ်လုပ်... ပျော်ရွင်ဖို့ကအရေးအကြီးဆုံးပဲ...
လက်ရှိအချိန်ကို တန်ဖိုးထားလို့ အနာဂတ်အတွက်ကြိုးစား။..
ပျော်ရွင်ခဲ့တဲ့ အတိတ်ကို အရင်းခံ... အနာဂတ်တိုင်းကို တန်ဖိုးရှိအောင် ဖြတ်သန်းနိုင်ပါစေ...
မင်းကိုချစ်တဲ့သူ
Post a Comment