Thursday, May 31, 2007

တော်တော်ဒုက္ခပေးတဲ့ဗေဒင်

ဟိုနေ့က သူများဂျောက်ချတာ ခံလိုက်ရပါတယ်။ ဂျူနီရာ ကောင်စုတ်လေးတစ်ယောက် လာပေးတာပါ။ လင့်(က်) တစ်ခုပါ။ ဗေဒင်တွက်တာတဲ့။ ကိုယ်ချစ်ချစ်တွေနဲ့ ပါဆန်းဒစ် ဘယ်လောက်ရှိလဲဆိုပြီးတော့။ ဟန်နှင်းဝေတို့ပျော်ပျော်ကြီး သောင်းကျန်းတော့မလို့။ ပြီးမှဒီအကောင် မဟုတ်သေးဘူး။ ဘလိုင်းကြီးလာပေးတာတစ်ခုခုပဲ ဆိုပြီး မင်းသားနာမည်တွေလျှောက်ရေးလိုက်မိလို့။ နို့မို့ ဂွိဦးမယ်။ ဘာလို့လဲဆို ကိုယ်ရေးလိုက်တဲ့ နာမည်တွေကသူ့ဆီရောက်တာကိုး။ ဟဲဟဲ၊ နာလဲတစ်ခုလုပ်ပြီး ကမြင်းတာပေါ့။ နောက်မှတော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ သူများ ပရိုင်ပစီကို ထိခိုက်သလို ဖြစ်သွားလို့။ ဟန်နှင်းဝေ စမိတဲ့သူတွေတောင်းပန်ပါတယ်။ ဝေါ်ချိုးချိုးနီ။ နောက်မစတော့ဘူးနော်။ ဟဲဟဲ စမ်းချင်တဲ့လူတွေရှိရား? ရှိရင် ပြောနော်။

Wednesday, May 30, 2007

ရိုက်ချင်လို့ပါ

မောလိုက်တာနော်။ မြန်မာလို ရိုက်ချင်လို့ကြိုးစားရတာကလဲ။ ရသွားမှ ကွန်ပြူတာ ကို ဖောမတ် ချလိုက်တာသေရော။ ခုမနဲပြန်လုပ်ရတယ်။ လေးစားတယ်။ ကိုယ်ဟာ့ကိုယ်။ တော်တော် တော် တာပဲ။ ဖောင့် တောင်သွင်းတတ်ဘူး။ တော်တီးတီးတော်။ ခုတလော ပညာတော်တော်အစမ်းခံရတယ်။ အင်တာနက်ကလည်း မိလိုက်၊ ကျလိုက်နဲ့။ Securedလုပ်တားတာ ပျက်ပြီးဂလိုဖြစ်သွားတော့တာပဲ။ ဂီး....တကိုက်ချင်လာပြီ။ စိတ်ကြီးတယ်နော်။ လူကိုလာစိန်ခေါ်နေတယ်နော်။ ကွန်ပြူတာကိုတော့ ပညာပြလိုက်ပြီ။ နာကွ၊ ခွီးခွီး။

Tuesday, May 29, 2007

မြန်မာလိုပေါလို့ ရသွားပါပြီ

ဟဲဟဲ၊ ဟန်နှင်းဝေတို့ မြန်မာလိုပေါလို့ ရသွားပါပြီ။ အစ်ကိုကြီးတစ်ယောက်ရဲ့ကောင်းမှုကြောင့်ပါ။ နောက်ဆိုရေးချင်တာရေးလို့ရသွားပြီ။ ဒီနေ့တော့အချိန်မရှိတော့ဘူး။ နောက်နေ့မှသောင်းကျန်းတော့မယ်ကွယ်။ တာတာ့