Thursday, May 31, 2007

တော်တော်ဒုက္ခပေးတဲ့ဗေဒင်

ဟိုနေ့က သူများဂျောက်ချတာ ခံလိုက်ရပါတယ်။ ဂျူနီရာ ကောင်စုတ်လေးတစ်ယောက် လာပေးတာပါ။ လင့်(က်) တစ်ခုပါ။ ဗေဒင်တွက်တာတဲ့။ ကိုယ်ချစ်ချစ်တွေနဲ့ ပါဆန်းဒစ် ဘယ်လောက်ရှိလဲဆိုပြီးတော့။ ဟန်နှင်းဝေတို့ပျော်ပျော်ကြီး သောင်းကျန်းတော့မလို့။ ပြီးမှဒီအကောင် မဟုတ်သေးဘူး။ ဘလိုင်းကြီးလာပေးတာတစ်ခုခုပဲ ဆိုပြီး မင်းသားနာမည်တွေလျှောက်ရေးလိုက်မိလို့။ နို့မို့ ဂွိဦးမယ်။ ဘာလို့လဲဆို ကိုယ်ရေးလိုက်တဲ့ နာမည်တွေကသူ့ဆီရောက်တာကိုး။ ဟဲဟဲ၊ နာလဲတစ်ခုလုပ်ပြီး ကမြင်းတာပေါ့။ နောက်မှတော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ သူများ ပရိုင်ပစီကို ထိခိုက်သလို ဖြစ်သွားလို့။ ဟန်နှင်းဝေ စမိတဲ့သူတွေတောင်းပန်ပါတယ်။ ဝေါ်ချိုးချိုးနီ။ နောက်မစတော့ဘူးနော်။ ဟဲဟဲ စမ်းချင်တဲ့လူတွေရှိရား? ရှိရင် ပြောနော်။

No comments: