Tuesday, June 26, 2007

မအားပါ

blog ရေးချင်ပါတယ်..... ဒါပေမယ့် စာမေးပွဲတွေဖြေနေရတယ်။ အားဘူး။ ငိုချင်လာပြီနော်။ ပြောရင်းနဲ့။ ဆုတောင်းပေးကြဦးနော်။ မှတ်များများကြီးရပါစေလို့။

Wednesday, June 20, 2007

ငါကြိုးစားနေပါတယ်၊

စာလုပ်လို့မရပါ။ စိတ်တွေက......။ လေနေပါတယ်။

ကြိုးစားပါတယ်၊ စာလုပ်ဖို့ စာအုပ်လေးကိုင်ပြီး။ (၁၀)မိနစ်လောက်လုပ်ပြီးတဲ့အခါမှာ စိတ်တွေ.....။ စာအုပ်လေးပြန်ပိတ်ပြီး ရောက်သွားပါတယ်။ ကုတင်ပေါ်ကို။

ကြိုးစားပါတယ်။ ဘာမှမတွေးမိဖို့။ သီချင်းနားထောင်ပါတယ်။ စိတ်ပြေလက်ပျောက်(ကောင်းကောင်းမပေါင်းတတ်ပါ)။ နားထောင်ရင်းမှ သတိရသွားပါတယ်။ အဲတော့ ပြန်တွေးမိပြန်ရော။

ကြိုးစားပါတယ်။ စာမေးပွဲမှာ အမှတ်အများကြီးရဖို့။ ကြိုးစားရင်းမှ သိလိုက်တယ်။ အားမရှိတော့ဘူး။ အဲ့တော့ဘယ်လိုလုပ်ရနိုင်တော့မလဲ။ ဒါပေမယ့် ကြိုးစားနေတုန်းပါ။

ငါတစ်ခြားကြိုးစားနေတာတွေ အများကြီးပါ။ ငါခုထိအမှန်အတိုင်းပြောရရင် တစ်ခုမှမအောင်မြင်သေးပါ။ ငါအရမ်းပျော့ညံ့တာလို့ပြောမယ်ဆိုလဲပြောပါစေ။ ငါ့စိတ်ငါမနိုင်သေးပါ။ ဒါပေမယ့် ငါကြိုးစားနေတုန်းပါ။ တဖြည်းဖြည်းနဲ့တော့ငါလုပ်နိုင်မှာပါ။

မရသေးခင်ကာလတော့ ခွင့်လွှတ်ပါ။

နင်သိဖို့က ငါကြိုးစားနေပါတယ်၊

Monday, June 18, 2007

သံယောဇဉ်

သံယောဇဉ် ဆိုတာထားမိရင် ဖြတ်ရတော်တော် ခက်တာပဲနော်။ ဒီလိုမှန်းသိရင် အစကတည်းက မထားခဲ့ပါဘူး။ အခုတော့ အရမ်းပင်ပန်းတယ်။ အရမ်းလဲခံစားရတယ်။ မဖြတ်ပဲဒီလိုကြီးဆက်သွားနေရင်လဲ အဓိပ္ပာယ်မရှိဘူး။ မောလိုက်တာ။ အစတုန်းက သူများတွေပြောတာ ကြားဘူးတယ်။ ဘယ်လောက်ခိုင်မာကြောင်း၊ အခိုင်မြဲဆုံးကြိုးတွေဘာတွေနဲ့ ဘာညာသာလကာ စုံနေတာပဲ။ ကြားတာကြားတာ ကောင်းကောင်းမယုံခဲ့ဘူး။ ခုကိုယ်တွေ့မှ မှန်မှန်းသိတော့တယ်ကွယ်။ နောက်နောင်များ သံယောဇဉ်ဆို မထားတော့ဘူး။ ခုလဲထားတာတော့မဟုတ်ပါဘူး။ သူ့ဟာသူဖြစ်လာတာပါ ။ ခက်လိုက်တာကွယ်။ စိတ်လည်းညစ်ဖို့ကောင်းပါ့။ ဖူး.........

Saturday, June 16, 2007

December

ဒီဇင်ဘာလမှာ မွေးသူတွေအတွက်ပါ။ ဟန်နှင်းဝေနဲ့ ပတ်သက်ပြီးမှန်တာတွေကို bold လုပ်ထားတယ်။

This straight-up means you are the most good-looking person possible... Better than all of these other months! Loyal and generous. Patriotic. Competitive in everything. Active in games and interactions. Impatient and hasty. Ambitious. Influential in organizations. Fun to be with. Easy to talk to, though hard to understand. Thinks far with vision, yet complicated to know. Easily influenced by kindness. Polite and soft-spoken. Having lots of ideas. Sensitive. Active mind. Hesitating tends to delay. Choosy and always wants the best. Temperamental. Funny and humorous. Loves to joke. Good debating skills. Has that someone always on his/her mind. Talkative. Daydreamer. Friendly. Knows how to make friends. Abiding. Able to show character. One guy/girl kind of person. Loveable. Easily hurt. Prone to getting colds. Loves music. Pretty/handsome. Loves to dress up. Easily bored. Fussy. Seldom shows emotions. Takes time to recover when hurt. Sensitive.

Wednesday, June 06, 2007

အချစ်စစ်

ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ရည်းစားဖြစ်သည်ဆိုတာ....
(၁) ထိုယောက်ျားလေး၏ လွတ်လပ်မှူအားလုံးကို ပိုင်ဆိုင်ခွင့်ရခြင်း မဟုတ်ပါ။
(၂) ထိုယောက်ျားလေး ကိုပိုင်ဆိုင်လိုက်ခြင်းလဲ မဟုတ်ပါ။ ခိုင်းဖို့လူရခြင်းလဲမဟုတ်ပါ။
(၃) လူတစ်ယောက်၏ လုပ်ပိုင်ခွင့်များကို တားဆီးခွင့် ပါမစ်ပေးအပ်ခံရခြင်းလဲမဟုတ်ပါ။
(၄) ထိုယောက်ျားလေး၏ အချိန်များအားလုံးငါနဲ့သာဆိုင်တယ် ဟုသက်မှတ်လို့မရပါ။
(၅) ငါတစ်ယောက်ထဲသာ ဆက်ဆံရမည်။ တစ်ခြားမိန်းကလေးများနှင့်မဆက်ဆံရ ဟုတားဆီးခွင့်မရှိပါ။ ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှိပါတယ်။
(၆) ဂိမ်းကို ပိုချစ်တတ်တာကိုနားလည်ပေးသင့်ပါတယ်။ ဂိမ်းသည် သက်ရှိမဟုတ်ပါ။ ပြိုင်သ၀န်တိုရန်ကြောင်းမရှိ။
(၇) စိတ်ကောက်ခြင်းသည် တစ်ခါတစ်ခါသာကောင်းသော်လဲ ကြာပါက စိတ်ညစ်စရာကောင်းပါသည်။ ကိုယ်ချစ်တဲ့သူကိုဒုက္ခပေးရာရောက်ပါတယ်။
(၈) ယောက်ျားလေး သဘာဝတစ်ခြားမိန်းကလေးများနှင့် online ကြူကြူနဲနဲလုပ်တတ်ပါသည်။ သဘာဝဖြစ်လို့ အရမ်းမလွန်ပါကခွင့်လွှတ်ပေးသင့်ပါတယ်။

အကျဉ်းချူပ် လိုရင်းကို ပြောရသော် မချုပ်ချယ်ပဲ ကိုယ့်ချစ်သူပျော်အောင်ထား မှသာလျှင်ချစ်သူကောင်း၊ အချစ်စစ်တစ်ခုဖြစ်ပါသည်။

(မှတ်ချက်။ ။စိတ်ထဲပေါ်လာတာကိုကောက်ရေးလိုက်တာပါ။ သူငယ်ချင်းယောက်ျားလေးတွေ ချုပ်ချယ်ခံနေရတာတွေ ကြည့်ပြီးတွေးမိလို့)

Tuesday, June 05, 2007

ဘယ်လိုလုပ်ရမလဲ??

အကျင့်တစ်ခု ရှိပါတယ်။ စိတ်အရမ်းညစ်ရင်၊ ၀မ်းနည်းရင်၊ တခါးကိုပိတ်၊ သီချင်းကို အကျယ်ကြီးဖွင့်။ အကျယ်ကြီး တစ်ယောက်ထဲ အော်ငိုပြီး စိတ်သက်သာအောင်လုပ်ပါတယ်။ အမြဲတမ်းအောင်မြင်ပါတယ်။ လုံးဝမပျောက်သွားရင်တောင် တော်တော်လေး နေလို့ရအောင် သက်သာသွားပါတယ်။ အခုလည်း စိတ်တွေအရမ်း ညစ်ပြီး ရူးမလိုဖြစ်နေပါတယ်။ စိတ်သက်သာဖို့ အော်ငိုဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် အော်ငိုဖို့ဆိုတာ မျက်ရည်အများကြီးလိုတယ်လေ။ ခုတစ်စက်ချင်း အလိုလို ဖြေးဖြေးလေး ကြနေတယ့် မျက်ရည်နဲ့ ငါဘယ်လိုလုပ်ရမှာလဲ။


အခု ဒီသီချင်းလေးတစ်ပုဒ်ပဲ နားထောင်မိတယ်။ မသီ၇ိ ဆီကရတာပါ။ နားထောင်ချင်ရင် ဒေါင်းလုပ် လိုက်ပါ။ မသီရိတင်ထားတာ ပါပဲ။


Download>>>> http://www.friendshipland.net/ByMySide23.wma

Sunday, June 03, 2007

ပြောင်းလိုက်သော background

Background ပြောင်းလိုက်ပါပြီ။ ဟီးဟီး၊ ဒီနေ့မနက်အိပ်ရာနိုးတော့ ထုံးစံအတိုင်း ချစ်ချစ်ကွန်ပြူတာကြီး ကိုအရင်ဖွင့်။ ဟိုကြည့် ဒီကြည့်လျှောက်ကြည့်၊ ဘလောက်ကိုလဲကြည့်လိုက်ရော နဲနဲကြောင်သွားတယ်။ ပုံပြောင်းသွားလို့။ သူငယ်ချင်းတစ်ယောက်ကို ကူကူတောင်းထားတာ၊ ညက၀င်လုပ်ပေးသွားတယ်ထင်တယ်။ (ကျေးဇူးပါ သူငှယ်ဂျင်းကြီး၊ မအားတဲ့ထဲကကူညီလို့)။ ဟဲဟဲ၊ ခုbackground ကိုဘူလိုမြင်လဲဟင်။ ရှက်ဖို့ကောင်းလား??? ဘာရယ်ဟုတ်ပါဘူး၊ စီနီယာတစ်ယောက်က အရင်ဟာက စာကောင်းကောင်း ဖတ်လို့ရဘူးဆိုလို့ ဖြူများများပါတာ ယူလိုက်တာပါ။ (လွဲချတာ)။ ကြည့်မကောင်းရင်ပြောကြနော်။ ပြန်ပြင်မရို့။

မှတ်ချက်။ ။ ဟဲဟဲ၊ ဒီနေ့ online မတက်ပါ။ စာရုပ်မှာ။ မီးကလိမ္မာတယ်။ တာတာ့။

Saturday, June 02, 2007

A song to listen


Today, i'll blog in English. Coz I got a Myanmar friend who can't read Myanmar. Ha ha, how poor. (Just kidding lor, dun angry).


I wanna share a song. Listen it when u feel depress or feel urself a loser. I also got it from my brother(not real). {Thanks Ko Thuta}. I love it.