Tuesday, June 05, 2007

ဘယ်လိုလုပ်ရမလဲ??

အကျင့်တစ်ခု ရှိပါတယ်။ စိတ်အရမ်းညစ်ရင်၊ ၀မ်းနည်းရင်၊ တခါးကိုပိတ်၊ သီချင်းကို အကျယ်ကြီးဖွင့်။ အကျယ်ကြီး တစ်ယောက်ထဲ အော်ငိုပြီး စိတ်သက်သာအောင်လုပ်ပါတယ်။ အမြဲတမ်းအောင်မြင်ပါတယ်။ လုံးဝမပျောက်သွားရင်တောင် တော်တော်လေး နေလို့ရအောင် သက်သာသွားပါတယ်။ အခုလည်း စိတ်တွေအရမ်း ညစ်ပြီး ရူးမလိုဖြစ်နေပါတယ်။ စိတ်သက်သာဖို့ အော်ငိုဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် အော်ငိုဖို့ဆိုတာ မျက်ရည်အများကြီးလိုတယ်လေ။ ခုတစ်စက်ချင်း အလိုလို ဖြေးဖြေးလေး ကြနေတယ့် မျက်ရည်နဲ့ ငါဘယ်လိုလုပ်ရမှာလဲ။


အခု ဒီသီချင်းလေးတစ်ပုဒ်ပဲ နားထောင်မိတယ်။ မသီ၇ိ ဆီကရတာပါ။ နားထောင်ချင်ရင် ဒေါင်းလုပ် လိုက်ပါ။ မသီရိတင်ထားတာ ပါပဲ။


Download>>>> http://www.friendshipland.net/ByMySide23.wma

No comments: