Showing posts with label ကျွန်မ. Show all posts
Showing posts with label ကျွန်မ. Show all posts

Tuesday, May 19, 2009

ကျွန်မ မိန်းမပီပီ လုပ်ချင်သည့် / လုပ်သင့်သည့် အရာများ

(၁) မိန်းကလေး ပီပီသသ စကားကို နူးနူးညံညံ ချိုချိုသာသာပြောတတ်ချင်ပါတယ်။
အခုတော့ အာဗြဲစိန်ဖြစ်နေတယ်လေ။ (ဂျာဂျီးရဲ့ စကားကိုတိုးတိုးပြောစမ်းပါဟာ ဆိုတဲ့အပြောတွေ လုံးဝမခံနိုင်ပါ။ )

(၂) အ၀တ်အစားကို သပ်သပ်ရပ်ရပ်နဲ့ ဂရုတစိုက် ၀တ်တတ်ချင်ပါတယ်။

အခုတော့ ဘီဒိုထဲမှာတော့ ပွနေလောက်အောင် ရှိပါရဲ့၊
ဝတ်လိုက်ရင်ဒီ (၃)၊ (၄) ထည်က မ၀တ်တတ်ဘူး။ ဒါဝတ်မ ဖြစ်နေတယ်။

(၃) ကြမ်းကြမ်းတမ်းတမ်း မိန်းမကြမ်းစိတ်ကို ဖြောက်ဖို့လိုနေပါတယ်။

တစ်ခုခုဆို စိတ်မရှည်ပဲ ကိုယ့်ဟာကိုယ် ကောက်ကောက်လုပ်တဲ့ အကျင့်ကောပေါ့။
အဲ့အကျင့်ကြောင့် မိန်းမကြမ်းဖြစ်ရှုံတင်မကဘူး လက်ကော ခြေပါ ကြမ်းကုန်ပြီ။
(နဂိုထဲက မလှတာလဲပါတာပေါ့လေ)

(၄) ထမင်းစားရင် ဖြေးဖြေးစားတတ်အောင် လေ့ကျင့်ရမယ်။

အခုတော့စားရင် အသေမြန်တယ်။ ပြီးတော့ အများကြီးဝင်တယ်။ ဒီပုံစံအတိုင်းဆို ကြာရင် ဂေါ်ဇီလာဖြစ်တော့မယ်။ (အခုက ၀က်တစ်ပိုင်း၊ ဆင်တစ်ပိုင်း)

(၅) သူငယ်ချင်းတွေကို ကုန်းကိုက်တာ၊ှဆွဲစိတ်တာ တွေလျှော့မှ ဖြစ်မယ်။

သူတို့လေးတွေ လည်းနာလှပြီ။
(လျှော့မှလို့ ပြောတာနော်။ မလုပ်တော့ဘူး မပြောဘူး )

(၆) ဇံဖြိုးမောင် ဆိုတဲ့ အကောင်နဲ့ ပေါင်းပြီး ဆဲတတ်လာတယ်။

ပြင်မှဖြစ်မယ်။ အပေါင်းအသင်း ဖျက်ဆီး၏။